Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 4
PoorBest 

သတင်း - ပြည်တွင်း


IMG_3792တိုင်းရင်းသား လူငယ်များ ကွန်ယက် EYNG မှ ဂုဏ်ပြု လွှတ်တင်သော မီးပုံးပျံသည် ပွဲတည်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဗိန်းကျေးရွာမှ လွင့်တက်သွားပြီး ပြန်ကျရာနေရာသည် ကော့ဗလိုင်ကျေးရွာ (ကျိုက်မရောမြို့နယ်) တွင် ကျရောက်ခဲ့ပါသည်။

ယင်း မီးပုံးပျံ ကျရောက်သော နေရာသည် ကရင်နှင့်မွန်နယ်စပ် ချောင်းရိုးအစပ် နယ်နမိတ် မျဉ်းရဲ့မွန်ပြည်နယ်ဘက်ခြမ်း ပေ ၁၅၀ အတွင်းကျရောက်သောကြောင့် မွန်ဒေသ ကော့ဗလိုင်အပိုင် ဟု ဆိုနိုင်ပါသည်။ မီးပုံးတွင် ကံစမ်းမဲ လက်မှတ်များ၊ ငွေသားဆုများ ပါရှိရာ လူထုအချို့လိုက်လံ ကြည့်ကြသည်။ ရွေဟသာင်္သည် မွန်ပြည်နယ် ဟံသာဝတီပိုင် နယ်မြေအတွင်း ကျရောက်သောကြောင့် မွန်အများက ရွေဟသာင်္ မွန်ပြည်ပြန်ဟု ခေါ်ပြောဆိုနေကြသည်။ ကျရောက်ခဲ့သော နေရာမှာလည်း နယ်စပ်မျဉ်းရဲ့ ပေ ၁၅၀ အကွာတွင်ကျရောက်ခဲ့ခြင်းဖြစ်သည်။ ရွေဟသာင်္မီးပုံးသည်ပျံတက်ကတည်းက ယိမ်းယိုင် ရုန်းကန်ရင်း တက်သွားပါသည်။ လေတိုက်နှုန်းလည်း ရှိနေသောကြောင့် ဒယိမ်းဒယိုင်ဖြင့် ခက်ခဲစွာ လူးလွန့်တက်သွားရသည်။

IMG_3892

(Photo -စိုင်းမင်းလွင်)

လူထု ပရိတ်သတ်များ အံ့သြမှင်သက်နေကြရသည်။ စင်မြင့်ပေါ်မှ မွန်သံဃာတော်များ ဆုတောင်းပေးကြသည်။ မွန်အဖိုး အဖွားအိုများ မမြင်ဘူးသောကြောင့် ပွဲခင်းထိ လာရောက်အားပေးကြသည်။ မွန်တို့ရဲ့ အဓိကအမှတ်အသား ရွေဟသာင်္သည် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသည်။ မီးပုံးကို ဆင်နွှဲ တင်ဆက်ပေးသော (ရှမ်း ကရင် ကယန်း ရခိုင် ကချင် ဇိုမီး) တိုင်းရင်းသားလူငယ်ကွန်ယက်အဖွဲ့အား ဗဟိုထားပြီး လူကြီး လူငယ် အားလုံး ၀ိုင်းဝန်းအားပေး ဖက်ရမ်းနှုတ်ဆက်ကြပါသည်။ ကျနော်တို့နှင့် မွန်လူထုကြီးရဲ့ မြင်ကွင်းဟာ မွန်သမိုင်းတွင် တင်ကျန်ရစ်ခဲ့လေပြီလား။

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 60 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ