Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 0
PoorBest 

သတင်း - ပြည်တွင်း

ABSယမာန် နေ့ ၂ နာရီ ၃၀ မိနစ်တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၏ အကျိုး တော်ဆောင် ဖြစ်သည့် ဦးစောခင်စိုး ဦးဆောင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ကိုယ်စားလှယ် အဖွဲ့ အား ထိုင်းမြန်မာ နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့၌ တွေ့ဆုံ ခဲ့သည်ဟု ဦးစောခင်စိုး ကပြောပါသည်။

“ကျနော်ဦးဆောင်ပြီးလာတာပေါ့ ကျနော်နဲ့အတူ ကိုစောတင်စိန်တို့လည်းပါတယ် အဓိကကတော့  ပဏာာမ စကား ပြောဆိုဆွေးနွေးတဲ့သဘောပါပဲ နိုင်ငံတော်က ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှု အဖွဲ့နဲ့ဆွေးနွေးဖို့ ကိစ္စ နဲ့ပတ်သတ်ပြီး သူတို့ သဘောထား ကျနော်တို့သဘောထားကို ညှိနှိုင်းတာပါပဲ” ဟုပြောပါသည်။

အစိုးရအဖွဲ့သည် ABSDF အပေါ်ပေးထားသည့် ဂတိအတိုင်း မဲဆောက်မြို့သို့ လာရောက် confirm လုပ်သည့်သဘော လောက်သာဖြစ်သည်ဟု ဦးစောခင်စိုးကပြောပါသည်။

“နိုင်ငံတော်ကတော့လုပ်မယ် ABSDF ဘက်က ငြိမ်းချမ်းရေးလုပ်မယ် မလုပ်ဘူး နောက်ပြီးတော့ အဆင်သင့်ဖြစ်ရဲ့လား လာပြီးတီးခေါက်တဲ့သဘောဖြစ်သလို တဆင့်တက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် လက်မှတ် ထိုးနိုင်တဲ့အဆင့်ထက်ကို ဆက်ပြီးတော့ ကြိုးစားသွားဖို့အတွက် အခုအချိန်မှာ ပဏာမ ဆွေးနွေးရခြင်းဖြစ်သည်” ဟု ပြောပါသည်။

ABS_02ယနေ့ ပဏာမ ဆွေးနွေးချက် အပေါ် ABSDF မှ ထုတ်ပြန်ကြေငြာချက် တစ်ဆောင်ထုတ်ပြန်ခဲ့ပါသည်။ အစိုးရဖက်နှင့် ABSDF အဖွဲ့တို့သည် ထပ်မံဆုံတွေ့ ရန်အလားလာ ရှိနေသေးသော်လည်း ဘယ်နေ့ဘယ်အချိန်တွေ့မည်ဆိုသည်ကို အတိအလင်းပြောပြခြင်းမရှိသေးပေ။ ဤသည်ABSDF နှင့် အစိုးရဘက်မှ အကျိုးတော်ဆောင်တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါသည်။

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 59 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ