Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 2
PoorBest 

သတင်း - ပြည်တွင်း

EUEU ကော်မရှင်မင်းကြီး Andris Piebalgs သည် ၄င်း၏ ၃ရက်ကြာ ခရီးစဉ်ပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့၏ သိသာ ထင်ရှားသည့်ပြောင်းလဲမှုများအပေါ် အံ့အားသင့်ကျေနပ်မိကြောင်း ယမာန်နေ့ညနေ ငါးနာရီက Chatrium Hotel ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် EC ကော်မရှင် နာမင်းကြီး Andris Piebalgs ကပြောကြားခဲ့ပါသည်။

ထို့အပြင် Andris Piebalgs က အဆိုပါပြောင်းလဲမှုများ၏ အရင်းခံ အချက်များသည် EU မှမြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူထားမှုများကို ဖယ်ရှားနိုင်ရန် ဦးတည်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ယင်းပြောင်းလဲလာသော ကိစ္စရပ်များ ကိုလာ မည့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ခြုံငုံသုံးသပ်သွားမည်ဖြစ်သည်ဟု၎င်းကဆိုသည်။

" UN နဲ့ NGO တွေကနေတဆင့် သွားမယ့် ဒီရန်ပုံငွေက ကျန်းမာရေး ၊ပညာရေးနဲ့ အသက်မွေးဝမ်း ကျောင်းကိစ္စရပ်တွေ အတွက်ဖြစ်ပါတယ် " ဟု Andris Piebalgs က ဆိုသည်။

မြန်မာနိုင်ငံအား လာမည့် နှစ်နှစ်အတွင်း EU ၏ ကူညီထောက်ပံ့ရေး အစီအစဉ်တွင် ယူရိုငွေ သန်း၁၅၀ ကူညီမည်ဖြစ်ပြီး ထိုပမာဏသည် ၁၉၉၆ ခုနှစ်ကတည်းက ပေးအပ်ခဲ့သော EU ကူညီထောက်ပံ့ရေး ငွေကြေး ပမာဏ ထက်နှစ်ဆများသည် ဟုသိရပါသည်။

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 59 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ