Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 5
PoorBest 

သတင်း - ပြည်တွင်း

Mayankongတလအတွင်း NLD ပါတီဝင်လျှောက်လွှာ စောင်ရေ ၅ သိန်းကျော် ရောင်းချထားပြီး ဖြစ်ကြောင်း NLD ပါတီက ပြောခွင့်ရသူ ဦးအုံးကြိုင်ကပြောပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ပါတီဖြစ်လာပြီးနောက် ဇန်န၀ါရီလ ၉ ရက်တွင် ပါတီဆိုင်းဘုတ် တင်ခြင်းနှင့်အတူ ပါတီဝင်လျှောက်လွှာ တစ်သန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ စတင်ဖြန့် ဝေရောင်းချခဲ့ပါသည်။

NLD ပါတီ၏ အင်အားကို ယခုအပတ်အတွင်း နေပြည်တော်ကို တင်ပြရမည်ဖြစ်သဖြင့် အမြန်ဆုံးကောက်ခံနေရပါသည်။ အခုချိန်ထိ ပါတီဝင်အင်အားကို ဖေါ်ပြရန်အခက်အခဲ ရှိနေသေးကြောင်း NLD ပါတီကိုတည်ထောင်သူအဖြစ်ပါဝင်ခဲ့သည့် ဦးစိုးဝင်းကပြောပါသည်။

ဦးအုန်းကြိုင်က ပါတီဝင်သစ်လက်ခံရာတွင် ခြွင်းချက်အနေဖြင့် NLD မှ ခွဲထွက်ခဲ့သူများနှင့် အကြောင်းကြောင်း ကြောင့် ထုတ်ပယ် ခံထားရသူများမှာ အဆိုပါ အကြောင်း ကိစ္စများကို လျှောက်လွှာရှိ ကိုယ်ရေးရာဇ၀င်တွင် ထည့်သွင်း ဖော်ပြရမည် ဖြစ်ပြီး ၄င်းတို့အတွက် သီးခြား စဉ်းစားသွားမည်ဟု ပြောပါသည်။

၁၉၈၉ ခုနှစ် NLD စတင် ဖွဲ့စည်း ထူထောင်စဉ်က ပါတီဝင်အရေအတွက်မှာ သန်းချီရှိခဲ့ပြီး ယခု ပြန်လည် တည်ဆောက်ရာတွင် အမာခံ ပါတီဝင်ဟောင်းများ အပြင် လူငယ်လူသစ်များ၏ အင်အား ကိုအခြေခံ တည် ဆောက်သွားမည်ဟု ဦးအုန်းကြိုင် ကပြောပါသည်။

Mayankong_02မရမ်းကုန်းမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ (ဓါတ်ပုံ အင်တာနက်)

ရွေးကောက်ပွဲကော်မရှင်သည်၊ အန်အယ်ဒီအပေါ်မည်သို့ ချုပ်ကိုင်လာမည် မသိရသေးသော်လည်း ပါတီဝင်အင်အားသည်၊ သန်းနှင့်ချီဖြစ်လာလိမ့်မည်ဟု ခန့်မှန်းနေကြပါသည်။ NLD ပါတီကလည်း ပထမအဆင့် အနေဖြင့် ကြားဖြတ်ရွေး ကောက် ပွဲလောက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ပါတီဝင် အင်အားကိုလည်း ပထမအဆင့်အဖြစ် အင်အားတသန်းမျှ ရည်ရွယ်ထားပုံ ရှိသည်ဟု ခန့်မှန်းပြောဆိုကြပါသည်။

Comments  

 
0 #2 honey 2012-02-15 17:25
This is our wish.
This is our desire.
Quote
 
 
0 #1 honey 2012-02-15 17:24
this is our wish.
This is our desire.
we love may may su.
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 64 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ